မိုင်းဖြတ် သြဂုတ် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် (၁၁) နာရီက မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရပ်ကွက်ချင်းဆက်လမ်းပေါ်တွင် Box Culvert တံတားနှင့် ကွန်ကရစ်လမ်း ပြန်လည်ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဝင်များသည် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ သဘာဝဘေးခွင့်ပြုရန်ပုံငွေ (၁၉.၅) သန်းဖြင့် ပြန်လည်ဆောင်ရွက်နေသည့် စျေးတန်း(ကွက်သစ်)ရပ်ကွက်နှင့် ဝမ်ဟွေရပ်ကွက်ချင်းဆက်(ကွန်ကရစ်)လမ်းနှင့် BoxCulvert ပျက်စီးမှု ပြန်လည်ဆောင်ရွက်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်စည်ပင်သာရာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်နိုင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဒေါ်ရည်မွန်သန့်တို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သဘာဘေးအန္တရာယ်ဒဏ်ခံနိုင်ရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးတို့ကို အကြံပြုခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ခြင်းသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့က မြို့နယ်အတွင်း မိုးရေချိန် (၃.၁၀) လက်မရွာသွန်းပြီး ချောင်းရေတိုက်စားမူကြောင့် စျေးတန်း(ကွက်သစ်)ရပ်ကွက်နှင့် ဝမ်ဟွေရပ်ကွက်ချင်းဆက်(ကွန်ကရစ်)လမ်းနှင့် BoxCulvert ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)