ထန်းတပင်(ရန်ကုန်) ဩဂုတ် ၂၉ ရက်
၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ပရွတ်ကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသည်။
လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အသိပညာပေးရှင်းလင်းရာတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး မြို့နယ်ဦးစီးမှူး ဦးခင်ဆွေက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းဆိုင်ရာသိကောင်းစရာများ၊ သန်းခေါင်စာရင်းကောက်ယူခြင်းသမိုင်းအကြောင်း၊ အကျိုးသက်ရောက်မှု၊ သန်းခေါင်စာရင်းကောက်ယူရာတွင် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပုံနှင့် ကောက်ယူမည့်အစီအမံများအား Power Point ဖြင့် အသိပညာပေး ရှင်းလင်းခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ၊ ရာအိမ်မှူး/ ဆယ်အိမ်မှူးများ၊ ရပ်မိ/ရပ်ဖများ၊ စာရင်းစစ်/ ကောက်ဆောင်ရွက်မည့် Volunteerများနှင့် ကျေးရွာအုပ်စုအတွင်း နေထိုင်သည့်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)