မရမ်းကုန်း ဩဂုတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ မရမ်းကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်(၂) ဦးရဲဝင်းအောင်မှ အဖွင့်အမှာစကားကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲနောင်ချစ်မှ လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်းကိုလည်းကောင်း၊ မရမ်းကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှအားကစားမှူး ဦးမျိုးမင်းသန်းမှ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသူများကို Fitness Dance အဖွဲ့များမှ ဧည့်ခံဖျော်ဖြေခဲ့ကြပြီး တာဝန်ရှိသူများမှ ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)