ကလောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(လ-၁)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ ကျင်းပ

ကလော ဩဂုတ်လ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း ၊ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(လ-၁)၏၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်းရှိ မျိုးဂုဏ်ရောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းအကျိုးဆောင် မိဘဆရာအသင်းနှင့် ကျောင်းသား၊ ကျောင်းသူ မိဘများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(လ-၁)ကျောင်းမှ Grade-11 ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာကိုရည် တို့လမ်းချီ” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး အခြေခံပညာဦးစီးဌာန၊ ကလောခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီး ဦးနိုင်းဟာနှင့် အခြေခံပညာထက်တန်းကျောင်း(ခွဲ)(လ-၁)ကျောင်းအုပ်ဆရာကြီးတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းတွင် သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများအား အားမာန်ဆု၊ ကျောင်းတက်ရက်မှန်ဆုမျာ၊ ပညာသင်နှစ်အတန်းလိုက်ပညာရည်ချွန်ဆုများ၊ တက္ကသိုလ်ဝင်တန်းတွင် မြန်မာစာနှင့် သင်္ချာဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့သည်။ ယင်းနောက် ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းပေးသည့် အလှူရှင်များအား ကျောင်းအုပ်ဆရာကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး အကပဒေသာဖြင့် ဖျော်ဖြေခဲ့ရာ Grade -4 ကျောင်းသား/သူများက ကယန်းတိုင်းရင်းသားအက၊ Grade-3 ကျောင်းသူမှ “မြန်မာမလေးပါရှင့်”၊ Grade-7 မှ “အလှကမ္ဘာမြေ”နှင့် Grade-11 မှ “လောကအားမန်”သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး Grade-6 ကျောင်းသား၊ ကျောင်းသူများက “တို့ကျောင်းတော်” သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)