နတ်မောက် စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်သည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များက ဒေသခံပြည်သူများ အသားဆိုင်များဝယ်ယူရာ၌ ဈေးနှုန်းသက်သာချောင်ချိစွာ ဝယ်ယူနိုင်စေရန် သတ်မှတ်ဈေးနှုန်း များဖြစ်သည့် အမဲသားတစ်ပိဿာ (၁၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ (၁၁၇၀၀) ကျပ်၊ ဆိတ်သား တစ်ပိဿာ (၁၆၀၀၀) ကျပ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေးအတွက် နေ့စဉ်စဉ်ဆက်မပြတ် ကြီးကြပ်လျက်ရှိပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက သတ်မှတ်ဈေးနှုန်းများကို ပြည်သူများသိရှိစေရန် Hand Speaker ဖြင့် ကြေညာ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း