လဲချားမြို့ လူထုအခြေပြု (Community Centre)တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

လဲချား စက်တင်ဘာ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု(Community Centre)တွင် ယနေ့နံနက် ၁၀ နာရီအချိန်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးက ကျောင်းသား၊​ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ အောင်မြင်သည့် လူငယ်လူရွယ်များ ပေါ်ပေါက်လာစေရန်၊ စာကြည့်တိုက်အား ရင်းနှီးကျွမ်းဝင်မှုရှိလာ​စေရန်အတွက် ရည်ရွယ်၍ ယခုလိုဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် အကြောင်းအရာများအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

လဲချား(မြို့နယ်၊ ပြန်/ဆက်)