ကျိုက်လတ် စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များတွင် ဆန်နှင့် ဆီရောင်းချနေမှုများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန် နှင့် ဆီများ ရောင်းချပေးရာတွင် ပေါ်ဆန်းဆန်(၁)ပြည်လျှင် (၅၀၀၀)ကျပ်နှုန်းနှင့် ဧည့်မထဆန်(၁)ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ အောင်သပြေခိုင်ကုမ္ပဏီမှ မြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ဆီ(၁)ပိဿာလျှင် (၇၀၅၀)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး ထိုသို့ရောင်းချနေမှုများကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ဆီကုန်သည်၊ ဆန်ကုန်သည်များနှင့်အတူ ကွင်းဆင်းကြည်ရှုစစ်ဆေးခဲ့ကြပြီး ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်မင်းအောင်