လိပ်သို စက်တင်ဘာ ၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ ဥယျာဉ်ခြံလုပ်ငန်း၊ တောင်ယာလုပ်ငန်းအပြင် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအနေဖြင့် ဒေသဝက်များကို မွေးမြူထားကြကြောင်း သိရသည်။
လိပ်သိုမြို့ရှိ ဒေသခံပြည်သူများသည် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်အတွက် ဒေသဝက်များကို တစ်အိမ်ထောင်လျှင် (၁) ကောင်မှ (၁၀) ကောင်အထိ မွေးမြူထားလျက်ရှိကြောင်း၊ အစာကျွေးမွေးရာတွင် ဒေသထွက်ငှက်ပျောပင်များ၊ သီးနှံစိုက်ခင်းများမှ အလေအလွင့်သီးနှံများ၊ ဖွဲနုများကို ကျွေးမွေး၍ မွေးမြူကြကြောင်း၊ ဈေးကွက်ရောင်းတန်းဝင် ဒေသဝက်တစ်ကောင်လျှင် အချိန်တစ်နှစ် မွေးမြူရကြောင်း၊ ဒေသဝက်တစ်ကောင်လျှင် အရွယ်အစားအလိုက် ကျပ် (၅၄၀၀၀ဝိ/-) မှ (၉၀၀၀၀ဝိ/-) ကျပ်အထိ ရောင်းချရကြောင်း၊ ဒေသဝက်မွေးမြူခြင်းသည် အပိုဝင်ငွေတိုးမည့်လုပ်ငန်းဖြစ်သဖြင့် မွေးမြူသင့်ပါကြောင်း လိပ်သိုမြို့ အမှတ် (၁) ရပ်ကွက်ရှိ ဒေသဝက်မွေးမြူသူတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ်(လိပ်သို)