ဒဂုံတောင် စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အပိုင်း (၄) မိသားစု ငွေစုငွေချေးသမဝါယမအသင်းလိမိတက်၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့မွန်းတည့် ၁၂ နာရီတွင် အပိုင်း (၄) မိသားစု ဓမ္မာရုံ၌ ကျင်းပသည်။
အစည်းအဝေးတွင် သဘာပတိအဖြစ်အသင်းဥက္ကဌ ဦးစောအေးက ဆောင်ရွက်၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိက သမဝါယမ လုပ်ငန်းစဉ်များ၊ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အသင်းသား (၁၉၀) ဦးအားတစ်ဦးလျှင် မြေပဲဆီ (၅၀ကျပ်သား) နှင့် စားသောက်ကုန်များကို အသင်းသားလက်ဆောင်အဖြစ်ပေးအပ်ပြီး အစုပေါ်အမြတ်နှင့် စုဆောင်းပေါ်အတိုးများကို ပေးအပ်ကြကြောင်းသိရသည်။
နေမျိုးအောင်