နမ့်စန်မြို့ အ-ထ-က (မြို့မ) ကျောင်းတွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

နမ့်စန်(တ) စက်တင်ဘာ ၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (မြို့မ) တွင် ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ-ထ-က (မြို့မ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် အ-ထ-က (မြို့မ) မှ ကျောင်းသားကျောင်းသူ (၅) ဦးက ‘ကာယဗလ’၊ ‘ညဏဗလ’၊ ‘စာရိတ္တဗလ’ ၊ ‘မိတ္တဗလ’ နှင့် ‘ဘောဂဗလ’ စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေး ပြောကြား ခဲ့သည်။

ဆက်လက်၍ ဆွေးနွေးပွဲတက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ သိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုနှင့် အ-ထ-က (မြို့မ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးတို့က ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ပြီး ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ မြို့နယ်အားကစားမှူး ဦးအောင်ကိုကို၊ အ-ထ-က (မြို့မ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

နမ့်စန်(ပြန်/ဆက်)