ရေနံချောင်း စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ အသား၊ ငါးဈေးနှုန်းများ မြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက မြို့မဈေးကြီးတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဒေသခံပြည်သူများ အသား၊ ငါး ဝယ်ယူစာသုံးမှုအဆင်ပြေစေရန်အတွက် မြို့မဈေးကြီးတွင် ရောင်းချနေသော ဝက်၊ မဲ၊ ဆိတ်၊ အသား၊ ငါးအရောင်းဆိုင်များတွင် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချပါက စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)