ကျုံပျော်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်ဆု ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ကျုံပျော် ဧပြီ ၁

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်ကြသည့် သံဃာတော်နှင့် သီလရှင်များထံသို့ စာအောင်ဆု ဆက်ကပ်လှူဒါန်းပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ မြဝတီရပ်ကွက် မြတ်ချမ်းသာ ဘုရားတန်ဆောင်းအတွင်း၌ ဧပြီလ ၁ ရက် မွန်းလွဲ ၃ နာရီခွဲ အချိန်က ပြုလုပ်သည်။

ဦးစွာဆုနှင်းသဘင် အခမ်းအနားတက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး၊ အသောကရာမ ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တ ကေသရာစာရထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ဩဝါဒကထာနာကြားကြသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းက သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားပြီး၊ ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် သံဃာတော်နှင့် သီလရှင် များထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အလှူရှင်များက စာအောင်ဆုများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အသောကရာမ ကျောင်းတိုက်ဆရာတော်ထံမှ အနုမောဓနာတရားနာကြားကြကာ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း၊ ကျုံပျော်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင်  ပထမငယ်တန်းတစ်ပါး၊ အခြေပြုမူလတန်း (၂၀) ပါး၊ စုစုပေါင်း သံဃာတော်နှင့် သီလရှင် (၂၁) ပါး ဖြေဆိုအောင်မြင် ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)