တိုက်ကြီးမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အုတ်ဖိုမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် သစ်တောဦးစီးဌာနမှ အေးမြသာယာအုပ်စု၌ ယနေ့နံနက်ပိုင်းက သစ်တောထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပသည်။

မုဒုံမြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့

မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ (၁) ရပ်ကွက် စာစင်အလယ်ပိုင်းတွင် မတ်လ ၃၀ ရက်နေ့က မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံးမီးလောင်ဆုံရှုံးခဲ့ရာ ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့်ဘုရား ရွှေသင်္ကန်းစတင်ကပ်လှူ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့်ဘုရား အထွဋ်စေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ဧပြီ ၁ ရက်နံ နက် ၉ နာရီက စတင်ကပ်လှူပူဇော်ကြောင်းသိရသည်။

ရွှေကျင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌‌စောင်နှင့် စာအုပ်စာ‌စောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရှမ်းကြေးရပ်ကွက်၊ အ.ထ.က (တပ်နယ်) ကျောင်းတွင် ယဉ်ကျေးလိမ္မာသင်းတန်းသို့ တက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။

သာယာဝတီမြို့နယ်၌ နွေစပါးလျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၌ ယခုနှစ် နွေစပါးရာသီတွင် နွေစပါးလျာထားဧက (၄၅၂၃၃) ဧကကို ဇန်နဝါရီလအတွင်းမှစတင်ကာ မြို့နယ်အတွင်းရှိ တောင်သူများမှ စိုက်ပျိုးကြရာ (၄၅၃၄၅)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲကြီးတွင် ကော့ကရိတ်စာဖြေဌာနမှ ဖြေဆိုအောင်မြင်ကြကုန်သော စာအောင်သံဃာတော်၊ သီလရှင်များအား စာအောင်လက်မှတ်နှင့် စာအောင်ဆုများ ဆပ်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဧပြီ ၁ ရက်နေ့နံနက် ၉ နာရီက ကျုံဒိုးမြို့၊ ဓမ္မသုခဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာ ကျိုက်ပံကရုံစေတီတော်မြတ်ကြီး ထီးတော်တင်လှူပူဇော်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဇာသပြင်ကျေးရွာရှိ ကျိုက်ပံကရုံစေတီတော်မြတ်ကြီး၏ ထီးတော်တင်လှူပူဇော်ပွဲကို ဧပြီ ၁ ရက် နံနက် ၈ နာရီက အဆိုပါစေတီတော်တည်နေရာ၌ ကျင်းပရာ ကော့သင်းတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တမအမှူးပြုသော ဆရာတော်ကြီးများကြွရောက်ချီးမြှင့်တော်မူကြီးပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ဖူးမြော် ကြည်ညိုသည်။

အစိုးရသစ် ပထမရက်(၁၀၀) ကာလအတွင်း အမရပူရမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက လှုပ်ရှားမှုများစတင်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထင်အောင်ဦးစီး၍ ယနေ့နံနက် ၁၀ နာရီက ရွှေဂွမ်းထုပ် ရပ်ကွက်ရှိ အသက် ၁၀ နှစ်မှ ၁၈ နှစ်ကြား၊ အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများကို ရွှေဂွမ်းထုပ်ရပ်ကွက်ရှိ ရွှေအိုးရ ရွှေဖားရ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Subscribe to