အလုံမြို့နယ်အတွင်းရှိ ဈေးများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

အလုံ ဧပြီ ၂

အလုံမြို့နယ်အတွင်းရှိ ဆင်မင်းဈေး (ခ) သိပ္ပံဈေးအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ညပိုင်းက ဒု-မီးသတ်ဦးစီးမှူး ဦးတင်မောင်ထွန်းဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်း မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးလောင်မှုမဖြစ်ပွားစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လှည့်လည်အသိပေးနှိုးဆော်ခြင်း၊ ဈေးများအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းတို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေလုံသား