ထားဝယ် ဧပြီ ၂
တနင်္သာရီတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သဘာပတိတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်လီမိတက်ဥက္ကဋ္ဌ ဦးသိန်းဝင်က တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်လီမိတက်၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်းက အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်လင်းတင်ပြသည်။
ထို့နောက် သမဝါယမအသင်းများက သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ အသင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားကြပြီး အမှုဆောင်ကော်မတီ၏ လုပ်ငန်းအစီရင်ခံစာ၊ အသင်းစာရင်းစစ်အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များ အမှုဆောင်အဖွဲ့မှ ဖတ်ကြားတင်သွင်းပြီး အသင်းဝင်ကိုယ်စားလှယ်များ၏ အတည်ပြုချက်ရယူခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)