သဲကုန်းမြို့နယ်တွင် ယူနက်စကို (UNESCO) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ယူနက်စကို (UNESCO) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းမှစ၍ (၁၃၈၇)ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်တွင် ဖျော်​ဖြေတင်ဆက်မည့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ယိမ်းအဖွဲ့များအနေဖြင့် မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမတွင် အကတိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ကျောက်တန်းမြို့နယ်၊ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်ရှိ‌ မြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေးလိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ ညပိုင်းက ဆောင်ရွက်ခဲ့သည်၊၊

ဖောင်းပြင်မြို့၌ ပါဠိပထမပြန်စာမေးပွဲ ပဉ္စမနေ့ဆက်လက်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၆ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ရာဇမုနိပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ရာ ယနေ့တွင် ပထမကြီးတန်း၌ ယမိုက်အထက်(၅)ကျမ်းဘာသာ၊ ပထမလတ်တန်း၌ ယမို‌က်အောက်(၅)ကျမ်းဘာသာ၊ ပထမငယ်တန်း၌ ဘာသာပြန်ဘာသာရပ်များကို ဖြေဆိုကြသည်။

ဝေါမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါဠိပထမပြန် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်ပူဇော်ပွဲနှင့် စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင် တော်မူကြသော ( အလတ်တန်း၊ အငယ်တန်း၊ မူလတန်း) သံဃာတော်များအား စာအောင်လက်မှတ် ဆက်ကပ်ပူဇော်ပွဲနှင့် စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ရွှေဘုန်းပွင့်ဓမ္မရိပ်သာ၌ ကျင်း​ပခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံနှိုးဆော်ခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံနှိုးဆော်ခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့ ညနေ့ ၆နာရီအချိန်က ပေါက်ခေါင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဖောင်းပြင်မြို့တွင် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် နယ်မြေမတည်ငြိမ်မှုများကြောင့် နေရပ်စွန့်ခွာကာ မြို့ပေါ်ရပ်ကွက်များသို့ လာရောက်တိမ်းရှောင်နေကြသည့် ကျေးရွာနေပြည်သူများကို တစ်ဦးလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် နိုင်ငံတော်မှ လစဉ်ထောက်ပံ့ပေးလျက်ရှိရာ ထောက်ပံ့ငွေများပေးအပ်ခြင်းကို မတ် ၃၀ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to