လေးမျက်နှာမြို့နယ်၌ အ​​ခြေခံပညာမူလတန်းကျောင်း မြစ်ကျိုးဝကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ

လေးမျက်နှာ ဧပြီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း-မြစ်ကျိုးဝ (၈၀×၃၀)ပေ RCC (၁)ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲအား ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံငွေရင်း ရန်ပုံငွေ (၂၀၃.၅၃၁)ကျပ်သန်းဖြင့် Grow Success Myanmar Co.,Ltb မှ (၂၅.၈.၂၀၂၅) တွင် စတင်ဆောက်လုပ်ခဲ့၍ (၁၁.၃.၂၀၂၆)တွင် ဆောက်လုပ်ပြီးစီးခဲ့သော အ.မ.က-မြစ်ကျိုးဝ (၈၀×၃၀)ပေ RCC (၁)ထပ် ကျောင်းဆောင် သစ်အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ခရိုင်ပညာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး(စီ/ဖြတ်) ဒေါ်စန်းစန်းရီနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက် ၍ မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည် ပတ်ဖြန်းခဲ့သည်။

အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ခရိုင်ပညာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး(စီ/ဖြတ်) ဒေါ်စန်းစန်းရီနှင့် မြို့နယ်ပညာရေး ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)