မုံရွာ ဧပြီ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရုံးများမှဝန်ထမ်းများ ခေတ်နှင့်အမီ လိုက်ပါဆောင်ရွက်နိုင်ရေး၊ AI နည်းပညာကိုအသုံးပြုပြီး ဌာန၏ လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့်ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးတို့အတွက် ရည်ရွယ်လျက် AI အသုံးချနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီကမုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးဆန်းဝင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရွှေလဝါဝါ၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးနှင့် ဝန်ထမ်းများတက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်) စီမံရေးရာဌာနမှ သင်တန်းနည်းပြဆရာမ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယမင်းလှိုင် နှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ တာဝန်ရှိသူများက Video conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးဆန်းဝင်းက သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်) စီမံရေးရာဌာနမှ သင်တန်းနည်းပြဆရာမ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယမင်းလှိုင်က တက်ရောက် လာသူများအား Artificial Intelligence (AI) ဆိုသည်မှာ AI သမိုင်းကြောင်းနှင့် ဆင့်ကဲ ပြောင်းလဲလာမှုဖြစ်စဉ်၊Generative Al ၏ လုပ်ဆောင်မှုပုံစံ၊ AI ကို စတင်လေ့လာမှု နယ်ပယ် (၂) ရပ်၊ AI ၏ လုပ်ဆောင်မှုပုံစံများအား လေ့လာခြင်း၊ Machine Learning (ML) နည်းပညာစနစ်များ၊ Deep Learning (DL) နည်းပညာစနစ်များ၊AI အမျိုးအစားများ (Narrow Al နှင့် General Al)၊ Al အသုံးပြုနယ်ပယ်များအား အသေးစိတ်ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ပို့ချပေးလျက်ရှိသည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာမက AI အသုံးချမှု နည်းပညာများနှင့် စပ်လျဥ်းပြီး AI နှင့် မီဒီယာသတင်းအချက်အလက်ကဏ္ဍ၊ AI နှင့် လူမှုကွန်ရက်ကဏ္ဍ၊AI နှင့် ပညာရေး ကဏ္ဍ AI နှင့် စက်ရုပ်နည်းပညာကဏ္ဍ၊ Al လေ့လာမှုနယ်ပယ်မှ လူသုံးများသောChatbots များအကြောင်း၊ AI နှင့် ML တို့၏အားသာချက်များနှင့် အားနည်းချက်များ ၊AI အသုံးပြုသူများ စောင့်ထိန်းလိုက်နာရမည့် ဒစ်ဂျစ်တယ်ကျင့်ဝတ်များ၊ AI ကျင့်ဝတ်မူဘောင်၊၊ အနာဂတ် Al လားရာစသည့်ဘာသာရပ်တို့ကိုလည်း တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်ရုံးများမှ အရာထမ်း၊ အမှုထမ်း သင်တန်းသားသင်တန်းသူ (၃၅) ဦးအား ဧပြီ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ သင်တန်းကာလ (၃) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)