ငပုတော ဧပြီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက စီမံကိန်းလုပ်ငန်းများချပြရှင်းလင်းခြင်းနှင့် လုပ်ငန်းလွှဲပြောင်းခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက စီမံကိန်းလုပ်ငန်းများချပြရှင်းလင်းခြင်းနှင့် လုပ်ငန်းလွှဲပြောင်းခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည် ။
ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တက်ရောက်လာကြသော မြို့နယ်ဌာနဆိုင်ရာများက ကျေးရွာ (၂၂)ရွာမှ ကျေးလက်ရေပေးဝေရေး လုပ်ငန်းကော်မတီဝင်များအား လုပ်ငန်းလွှဲပြောင်းမှတ်တမ်းလွှာကိုပေးအပ်ရာ ကျေးရွာကိုယ်စားရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
အောင်သူ