ဆိပ်ဖြူ စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် အနောက်ပိုင်းရပ်ကွက် အ.မ.ကကျောင်းတွင် ယနေ့နံနက် (၉) နာရီက စားသုံးသူရေးရာ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စားသုံးသူရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်နေလင်းက စားသုံးသူတာဝန်များ စားသုံးသူအခွင့်အရေးများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့် ကိုက်ညီသည့် အစားအသောက်များ ရွေးချယ်စားသောက်တတ်စေရေးရည်ရွယ်၍ ဟောပြောဆွေးနွေးရခြင်းဖြစ်ကြောင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်တင်မာရီက စားသောက်ကုန်ပစ္စည်းများတွင် ပါဝင်သည့် ကုန်ညွှန်းအမှတ်အသားများအကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ညွန့်နန္ဒာတင်