ငပုတောမြို့နယ်၌ စားသုံးဆီများကို သက်သာသော ဈေးနှုန်းဖြင့်ရောင်းချ

ငပုတော စက်တင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်‌၌ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ စားသုံးသူများအား သက်သာသော ဈေးနှုန်းများဖြင့် အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ငပုတောမြို့ အရှေ့ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ သက္ကာယ်ချောင်း၊ လိပ်ချောင်း၊ ဝက်ဆူ၊ ကံကွင်း၊ တင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတို့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ စာသုံးဆီများကို သက်သာသောဈေးနှုန်းများဖြင့်‌ ရောင်းချရာတွင် တစ်အိမ်ထောင်လျှင် စားအုံးဆီ (၅၀)ကျပ်သား၊ စားအုံးဆီ(၁)ပိသာလျှင်(၇၅၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု (၂၆၃၉)စုအား ဆီပိဿာချိန် (၁၃၂၀)ခန့်ကို ကျေးရွာများအရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)