အမရပူရမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေး‌ ဟောပြောပွဲ ကျင်းပ

အမရပူရ စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေလုပ်ငန်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အမရပူရမြို့နယ် ရေဘုတ်ကျေးရွာ ရွာလည်ကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေး‌‌ ဟောပြောပွဲတွင် သန်းခေါင်စာရင်းဆိုင်ရာ ရည်ရွယ်ချက်၊‌ ကောက်ယူမည့်နည်းလမ်း၊ ကောက်ယူမည့် အိမ်ထောင်စုမေးခွန်းပုံစံနှင့်  အဖွဲ့အစည်း မေးခွန်းများအား ပြည်သူများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းက ပရိုဂျက်တာဖြင့် အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့သည်။ တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းက ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း လက်ကမ်းစာစောင်များကို အမရပူရမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များက တက်ရောက်လာကြသည့် ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)