မအူပင် စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ရှိ ဆန်ဆိုင်များ စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးနှင့် ဆန်များ ပြတ်လပ်မှု ရှိ/မရှိအား စက်တင်ဘာလ(၉)ရက်နေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးသည်။
မအူပင်မြို့ရှိ ဆန်ဆိုင်များမှ မြောင်းမြပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းအနည်းငယ်နှင့် ဒေသထွက်ဆန်များအား ရောင်းချလျက်ရှိပြီး မြို့နယ်အတွင်း စားသုံးရန် ဆန်ပြတ်လပ်မှု မရှိနိုင်ကြောင်း၊ ဆန်အိတ်သိုလှောင်ထားရှိမှု ဆန်လက်ကျန်၊ နေ့စဉ်ရောင်းချမှု ဆန်ရောင်းအားနှင့် ရောင်းချနေသည့် ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများ သတ်မှတ်ရည်ညွှန်းဈေးအပေါ် အမြတ် ၅ ရာခိုင်နှုန်းဖြင့်သာ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်ဈေးနှုန်းများကို မြှင့်တင်ရောင်းချခြင်းများရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆန်ဈေးနှုန်းများ မြင်သာအောင်ဈေးနှုန်း ဖော်ပြရောင်းချရန် အသိပညာပေး လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုအား စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ မအူပင်မြို့ပေါ်ရှိ KKK ဆန်အရောင်းဆိုင်၊ ရွှေလင်းယုန် ဆန်ဆိုင်၊ မိဘမေတ္တာ ဆန်ဆိုင်၊ အောင်ဆန်ရောင်းဝယ်ရေး၊ ဦးလှကြည်၊ ဒေါ်သန်းသန်း ဆန်ဆိုင်၊ 555 ဆန်ဆိုင်၊ ကိုသူရဆန်ဆိုင်များ၌ ဆန်ပြတ်လပ်မှု ရှိ/မရှိ၊ ဆန်အိတ်သိုလှောင်ထားမှုအခြေအနေများ၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေမှု အခြေအနေများနှင့် ဆန်လက်ကျန် ဆန်အိတ်အရေအတွက်များစွာရှိ၍ ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်လည်ပတ် ဖြန့်ဖြူးရောင်းချမှုရှိ/မရှိများအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)