ကျောက်တန်း ဧပြီ ၂
ရန်ကုန်တိုင်းဒေသကြီး ၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်ရှိ မြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေးလိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ ညပိုင်းက ဆောင်ရွက်ခဲ့သည်၊၊
အဆိုပါ မြို့မဈေးမီးဘေးကြိုတင်ကာကွယ်ရေးလိုက်လံစစ်ဆေးခြင်းအား ကျောက်တန်းမြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးအောင်ကျော်ဝင်း ဦးဆောင်အဖွဲ့၀င်များ၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ ဈေးလုံခြုံရေးဝန်ထမ်းများပူးပေါင်းအဖွဲ့ဖြင့် ဈေးပိတ်ချိန် အသေးစိတ်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း မီးလောင်မှု/ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် မီးသတိမူရေးဆော်ဩခြင်း၊ ဆော်ဩခြင်း၊ ဈေးသီးသန့်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းနိုင်ရေး၊ 191 Report Software တွင် ကျယ်စွာအသုံးပြုနိုင်ရေး ဆော်ဩခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)