ထန်းတပင်မြို့နယ်၌ နိုင်ငံ့ဝန်ထမ်းများအား မီးငြှိမ်းသတ်နည်းများ လက်တွေ့ပြသဆောင်ရွက်ပေး
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းများကို ပြသဆောင်ရွက်ပေးလျက်ရှိပြီး မတ်လ(၃၁)ရက်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများအား မီးငြှိမ်းသတ်နည်းများကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့ပြသပေးခဲ့ကြောင်း သိရသည်။