ဖောင်းပြင်မြို့၌ ပါဠိပထမပြန်စာမေးပွဲ ပဉ္စမနေ့ဆက်လက်ဖြေဆို

ဖောင်းပြင် ဧပြီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၆ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ရာဇမုနိပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ရာ ယနေ့တွင် ပထမကြီးတန်း၌ ယမိုက်အထက်(၅)ကျမ်းဘာသာ၊ ပထမလတ်တန်း၌ ယမို‌က်အောက်(၅)ကျမ်းဘာသာ၊ ပထမငယ်တန်း၌ ဘာသာပြန်ဘာသာရပ်များကို ဖြေဆိုကြသည်။

စာမေးပွဲတွင် ပထမကြီးတန်း၌ ဖြေဆိုရန်စာရင်းရှိ သီလရှင် (၁)ပါးရှိပြီး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြောင်း၊ ပထမလတ်တန်း၌  ဖြေဆိုရန်စာရင်းရှိ ရဟန်း (၁)ပါး၊ သာမဏေ(၇)ပါးရှိပြီး ဖြေဆိုရန် ပျက်ကွက်ခြင်း မရှိကြောင်း၊ ပထမငယ်တန်း၌ ဖြေဆိုရန်စာရင်းရှိသာမဏေ (၁၈)ပါး၊ သီလရှင် (၃)ပါးရှိပြီး ဖြေဆိုရန် ပျက်ကွက်မရှိကြောင်း၊ ဖြေဆိုရန်စာရင်းရှိ စုစုပေါင်း(၃၀)ပါးရှိကာ (၂၉)ပါး ဖြေဆိုလျှက်ရှိပြီး ပျက်ကွက်(၁)ပါးရှိကြောင်း သိရသည်။

စာမေးပွဲဖြေဆိုကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် စာမေးပွဲကြီးကြပ်ရေး ဆရာတော်အရှင် သူမြတ်တို့အား ဆွမ်းခဲဖွယ်တို့ကို တပ်မတော်တပ်ရင်းတပ်ဖွဲ့များ၊ လုံခြုံရေးတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက နေ့စဉ်ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)