ပေါက်ခေါင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံနှိုးဆော်ခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများဆောင်ရွက်

ပေါက်ခေါင်း ဧပြီ ၂

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံနှိုးဆော်ခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့ ညနေ့ ၆နာရီအချိန်က ပေါက်ခေါင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များ၊ ကုန်ပစ္စည်းအရောင်းဆိုင်များနှင့် အသေးစား၊ အလတ်စားစက်မှုလက်မှုလုပ်ငန်းများတွင် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများစနစ်တကျဆောင်ရွက်စေရေး အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပြီး မြို့တွင်းလမ်းတစ်လျှောက်မီးသတ်ရေယာဥ်ဖြင့် လိုက်လံနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)