မြန်မာနိုင်ငံအတွင်းသို့ တရားဝင်တင်သွင်းရောက်ရှိလာပြီး မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ခြင်းမပြုရသေးသော မော်တော်ယာဉ်များအားမှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ရန် တိုင်းဒေသကြီးကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ထားဝယ်   ဧပြီ ၂

မြန်မာနိုင်ငံအတွင်းသို့ တရားဝင်တင်သွင်းရောက်ရှိလာပြီး မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ခြင်း မပြုရသေးသော မော်တော်ယာဉ်များအားမှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ရန် တနင်္သာရီတိုင်းဒေသကြီးကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က မြန်မာနိုင်ငံအတွင်းသို့တရားဝင်တင်သွင်းရောက်ရှိလာပြီး မှတ်ပုံတင်ခြင်းမပြုလုပ်ရသေးသော မော်တော်ယာဉ်များအား သတ်မှတ်ကာလအတွင်း မှတ်ပုံတင်လုပ်ငန်းအားအချိန်မီ ဆောင်ရွက်ပေးသွားရမှာ ဖြစ်ပြီးသတ်မှတ်ရက်ထက်ကျော်လွန်ပါက မှတ်ပုံတင်ခွင့်မပြုဘဲ အရေးယူဆောင်ရွက်သွားရမည်ဖြစ်သောကြောင့် တိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ဝင်တာဝန်ရှိသူအားလုံးက မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို သိရှိစေရန် ညှိနှိုင်းအစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း၊ မော်တော်ယာဉ်များအား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးတွင် အချိန်မီ မှတ်ပုံတင်ရန်လိုအပ်ကြောင်း၊  တိုင်းဒေသကြီးအဆင့် ကြီးကြပ်ရေးအဖွဲ့  ဖွဲ့စည်းထားရှိပြီးဖြစ်သော ကြောင့် လုပ်ငန်းများအချိန်မီ ပြီးစီးအောင် ဆောင်ရွက်ကြရန်၊ ယာဉ်မှတ်ပုံတင်ရန်လာရောက်ဆောင်ရွက်ပါကအဆင်ပြေစွာ ဆောင်ရွက်ပေးရန်နှင့် သတ်မှတ်ကာလကျော်လွန်ပါက အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ပြည်သူများသိရှိရေးအတွက်လည်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန်နှင့် မိမိဌာ နအောက်ရှိ ခရိုင်/မြို့နယ်များသို့ ဆက်လက်၍ အသိပေး ညွှန်ကြားချပြဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊  တိုင်းဒေသကြီးကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းဝင့်အောင်က  မြန်မာနိုင်ငံအတွင်းသို့ တရားဝင် တင်သွင်းရောက်ရှိလာပြီး မှတ်ပုံတင် လုပ်ငန်းဆောင်ရွက်ခြင်း မပြုရသေးသောမော်တော်ယာဉ်များအား မှတ်ပုံတင်ရန်အချိန်ကာလသတ်မှတ်၍ မှတ်ပုံတင်ဆောင်ရွက်ပေးရန်နှင့် သတ်မှတ်ကာလ ကျော်လွန်ပါက မှတ်ပုံတင်ခွင့်မပြုတော့ဘဲ အရေးယူဆောင်ရွက်သွားရန်  စသည့် ရည်ရွယ်ချက်ဖြင့် အစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း၊ ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအားရှင်းလင်းတင်ပြရာ ကြီးကြပ်ရေးအဖွဲ့ဝင်များက ဌာနနှင့်သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက  ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)