ဇီးကုန်း ဧပြီ ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပရေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရေး၊ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ကျင်းပမည့်နေရာ၊ ယိမ်းအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတများဖြင့် ဖျော်ဖြေနိုင်ရေး၊ စတုဒီသာကျွေးမွေးရေး၊ စည်ကားသိုက်မြိုက်စွာကျင်းပဆောင်ရွက်နိုင်ရေးအတွက် ဆပ်ကော်မတီများဖွဲ့စည်းထားပြီးဖြစ်၍ ပူးပေါင်းဆောင်ရွက်ကြရန်တို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလတ်တို့က ဗဟိုမဏ္ဍပ်တည်ဆောက်မည့်နေရာနှင့် လမ်းလျှောက်သင်္ကြန်ကျင်းပမည့်နေရာ၊ တည်ဆောက်ရေးအတွက် လိုအပ်ချက်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက မဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ပေးမည့်အခြေအနေများကိုတင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ (ပြန်ဆက်)