မန္တလေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များအား ဒေသန္တရစီမံကိန်းရေးဆွဲရေးနှင့် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲရေးလုပ်ငန်းများရှင်းလင်းဆွေးနွေး

မန္တလေး မတ် ၂

ဒေသန္တရစီမံကိန်းရေးဆွဲရေးနှင့်ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲရေးလုပ်ငန်းများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ (၁) နာရီက မန္တလေးတိုင်းဒေသကြီးလွှတ်တော် သဘင်ဆောင်၌ ကျင်းပသည်။ 

အခမ်းအနားသို့မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်သည်။

ဦးစွာ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ခိုင်က ဒေသန္တရစီမံကိန်းရေးဆွဲရေးလုပ်ငန်းများ ရှင်းလင်းဆွေးနွေးပြီး တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းရေးဆွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲရေးလုပ်ငန်းများ ရှင်းလင်းဆွေးနွေးကြရာ လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်းနှင့် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ဖြည့်စွက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)