မူဆယ်မြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ကျင်းပ

မူဆယ် စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ အ.ထ.က (၁)ကျောင်းနေ့နေ့လည်ှင့်တင်ရေေ်မ          ၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကို ယမန်နေ့ နေ့လယ် (၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မူဆယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ထွန်းထွန်းဇော်က ကျောင်းသား/သူများ ကျောင်းစာသာမက ပြင်ပစာပေများပါ ဖတ်ရှုလေ့လာကြရန် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ အားလပ်ချိန်များတွင် စာကြည့်တိုက်ကို အသုံးပြုရန်နှင့် အသိပညာတိုးတက်မြင့်မားရန် စာအုပ်စာပေများ ဖတ်ရှုလေ့လာရေး ဟောပြောခဲ့သည်။ 

ထို့ပြင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ ဆုရ ကျောင်းသား/သူ (၁၈)ဦးအား တာဝန်ရှိသူများက ဆုချီးမြင့်ခဲ့သည်။ ထို့နောက် အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်သန်းက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ချယ်ရီမြေ(မူဆယ်)