ကမာရွတ်မြို့နယ်၌ “ဆေးလိပ်ဆေးရွက်ကြီးလွှမ်းမိုးမှု အန္တရာယ်သတိပြုကာကွယ်တို့လူငယ်” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင်ကမာရွတ်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသော "ဆေးလိပ်ဆေးရွက်ကြီးလွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ်တို့ လူငယ်ခေါင်းစဉ်ဖြင့် ဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ကျင်းပသည်။