နမ့်စန်(တ) စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်၊ မြို့နယ်ခန်းမတွင် ကျင်းပခဲ့ရာ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးကြီး လင်းကို၊ အမှတ်(၇၃) သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ညီညီဝင်း၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်းနှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် နမ့်စန်ခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။
ထို့နောက် နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ် စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးကြီးလင်းကို၊ အမှတ်(၇၃) သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ညီညီဝင်းနှင့် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်းတို့က ခရိုင်နှင့်မြို့နယ်အဆင့် သင်တန်းနည်းပြခန့်အပ်လွှာများကိုပေးအပ်ခဲ့ရာ ခရိုင်အလိုက် သင်တန်းသားခေါင်းဆောင်များက လက်ခံရယူခဲ့ကြသည်။
အဆိုပါ ခရိုင်အဆင့်နည်းပြသင်တန်းကို စက်တင်ဘာ ၂ ရက်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နမ့်စန်၊ လွိုင်လင်၊ လင်းခေးနှင့် မိုင်းရှူးခရိုင်အတွင်းရှိ မြို့နယ် ၁၁ မြို့နယ်မှ သင်တန်းသား သင်တန်းသူ စုစုပေါင်း (၃၉)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)