သန်းခေါင်စာရင်းကောက်ယူမည့် စာရင်းစစ်/စာရင်းကောက်များ သင်တန်းပေးနိုင်ရေးဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၄ခုနှစ်သန်းခေါင် စာရင်းကောက်ယူနိုင်ရေး သန်းခေါင်စာရင်းကောက်ယူမည့် စာရင်းစစ်/ စာရင်းကောက်များ သင်တန်းပေးနိုင်ရေး ကြိုတင်ညှိနှိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။