ထားဝယ်မြို့တွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ

နိုင်ငံ၏ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်အတွက် ထားဝယ်မြို့နယ် လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၉နာရီက ထားဝယ်မြို့၊ အမှတ် (၈) အခြေခံပညာထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

မရမ်းကုန်းမြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အေရးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဝေါမြို့နယ်အတွင်းရှိ စစ်တောင်မြစ်ဘေးကျေးရွာများအား ရေဘေးကြိုတင်ကာကွယ်ရေးနှင့် ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများအား ကွင်းဆင်းနှိုးဆော် ကြေညာပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းသို့ နေပြည်တော် တပ်ကုန်းမြို့နှင့် တောင်ငူမြို့မှ ရေများသည် စစ်တောင်းမြစ်အတွင်းဝင်ရောက်၍ ဝေါမြို့နယ် စစ်တောင်းမြစ်ဘေး ကျေးရွာများသို့ လာမည့် ၃ ရက်အတွင်း ရေဝင်ရောက်လာနိုင်သဖြင့် ရေကြီးမှုဖြစ်စဉ် ဖြစ်ပေါ်ပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်သန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကာ နှိုးဆော်အသိပေး ကြေညာခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) သို့ တက်ရောက်

၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) ကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပုသိမ်မြို့တွင် (၁၂) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် (၁၂) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တောင်ငူမြို့၌ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေသောကြောင့် မြေနိမ့်ပိုင်းရှိပြည်သူများအား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး ယမန်နေ့နံနက်ပိုင်းတွင် အထက်မြစ်ညှာမှ မြစ်ရေများဆုံဆင်းလာ၍ ရပ်ကွက်နှင့်ကျေးရွာများရှိ မြေနိမ့်ပိုင်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိကာ မြေနိမ့်ပိုင်းရှိပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်းသိရသည်။

ကျောက်ဖြူမြို့၌ အသက် (၂၀) နှစ်အောက် အမျိုးသား၊ အမျိုးသမီးနှင့် အလွတ်တန်း အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ အသက်(၂၀)နှစ်အောက် အမျိုးသား၊ အမျိုးသမီးနှင့် အလွတ်တန်း အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်း မိုးလုံလေလုံခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဟံစိုးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အားကစားဝါသနာရှင်ပြည်သူများမှ တစ်ခဲနက်လာ‌ရောက်ကြည့်ရှုအားပေးကြသည်။

အုတ်တွင်းမြို့နယ်၌ ရေဘေးသင့်ပြည်သူများအတွက် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းလျက်ရှိပြီး စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ကူညီကယ်ဆယ်ဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်မှုများဆောင်ရွက်ပေးနိုင်ရေးအဖွဲ့ (၆)ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကျေးရွာအုပ်စုအလိုက် ရေဘေးကယ်ဆယ်ရေးစခန်း(၁၀)ခုကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

ရမည်းသင်းမြို့၌ ရေဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့လှူဒါန်း

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် သယံဇာတဝန်ကြီး ဦးရွှေဇင်တို့သည် ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်၌ ရမည်းသင်းမြို့ ဝါတိုးရပ်ကွက်သီလဝ(၁)ရပ်၊ သာသနာ့ဗိမ္မာန်ရှိ ရေဘေးသင့်ကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူ ၁၅၀ ဦးနှင့်တွေ့ဆုံ၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံသည့် ဆန်/ရေသန့်/ကြက်ဥ/ခေါက်ဆွဲခြောက်နှင့် မုန့်များပေးအပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့ ရောက်ရှိပြီး ပျော်ဘွယ်မြို့နယ် ရေဘေးရှောင်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြား

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့်အဖွဲ့တို့သည် ပျော်ဘွယ်မြို့နယ်သို့ ယမန်နေ့ ညနေ(၆)နာရီက ရောက်ရှိပြီး မြို့ပေါ်ရပ်ကွက်များမှ ရေဘေးရှောင်ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်း၊ ရိက္ခာထောက်ပံ့ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
Subscribe to