ကျောက်ဖြူ စက်တင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ အသက်(၂၀)နှစ်အောက် အမျိုးသား၊ အမျိုးသမီးနှင့် အလွတ်တန်း အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်း မိုးလုံလေလုံခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဟံစိုးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အားကစားဝါသနာရှင်ပြည်သူများမှ တစ်ခဲနက်လာရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ အမျိုးသမီးတစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲဗိုလ်လုပွဲနှင့် အမျိုးသမီးနှစ်ယောက်တွဲဗိုလ်လုပွဲအားလည်းကောင်း၊ အမျိုးသားတစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲဗိုလ်လုပွဲနှင့် အမျိုးသားနှစ်ယောက်တွဲ ဗိုလ်လုပွဲအားလည်းကောင်း ကျင်းပရာ ပြိုင်ပွဲဝင်အသင်းများသည် ဗိုလ်လုပွဲဖြစ်သည်နှင့်အညီ တစ်ဘက်နှင့်တစ်ဘက်အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိကြသည့် အမျိုးသမီးတစ်ဦးချင်း ပထမဆု၊ ဒုတိယဆု၊ အမျိုးသားတစ်ဦးချင်း ပထမဆု၊ ဒုတိယဆု၊ အမျိုးသမီးနှစ်ယောက်တွဲ ပထမဆု၊ ဒုတိယဆု၊ အမျိုးသားနှစ်ယောက်တွဲ ပထမဆု၊ ဒုတိယဆု၊ အလွတ်တန်းအမျိုးသမီး တစ်ဦးချင်း ပထမဆု၊ ဒုတိယဆု၊ အလွတ်တန်းအမျိုးသား တစ်ဦးချင်း ပထမဆု၊ ဒုတိယဆု၊ အလွတ်တန်းအမျိုးသမီး နှစ်ယောက်တွဲ ပထမဆု၊ ဒုတိယဆု၊ အလွတ်တန်းအမျိုးသား နှစ်ယောက်တွဲ ပထမဆု၊ ဒုတိယဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့အား တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ အသက်(၂၀)နှစ်အောက် အမျိုးသား၊ အမျိုးသမီးနှင့် အလွတ်တန်း အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲကို စက်တင်ဘာလ (၉) ရက်နေ့မှ (၁၂) ရက်နေ့ အထိ (၄) ရက်တာ ကျင်းပခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး (ခရိုင်ပြန်/ဆက်)