သရက်ချောင်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုပေး၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူပြီး Unique ID ထုတ်ပေးကာ အခြေခံစားကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈နာရီခွဲအချိန်မှစ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းနှင့် အခြေခံစားကုန်များ ရောင်းချပေးခြင်းကို စနစ်တကျကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။