ပုသိမ်မြို့တွင် (၁၂) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပုသိမ် စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် (၁၂) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ အမှတ်(၇)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု (ပုသိမ်) မှ ခေတ္တတပ်ဖွဲ့စုမှူး ရဲအုပ်အောင်မျိုးသန့်က လူကုန်ကူးမှု ဖြစ်ပွားရသည့်အကြောင်းရင်းများ၊ လူကုန်ကူးမှုနှင့်လူမှောင်ခိုမှု မတူညီသည့်အကြောင်းရင်းများ၊ လူကုန်ကူးမှုနှင့်ဆက်စပ်နေသည့် အကြောင်းတရားများ၊ လူကုန်ကူးခံရသူများရရှိနိုင်သည့် ဆိုးကျိုးများ၊ လူကုန်ကူးမှုမခံရအောင် တားဆီးကာကွယ်ရမည့် နည်းလမ်းများ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)