မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် သံယံဇာတရေးရာဝန်ကြီး ပျော်ဘွယ်မြို့နယ် ရေဘေးရှောင်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြား

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ သံဃံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့်အဖွဲ့တို့သည် ပျော်ဘွယ်မြို့နယ်သို့ ယမန်နေ့ညနေ (၆)နာရီက ရောက်ရှိပြီး မြို့ပေါ်ရပ်ကွက်များမှ ရေဘေးရှောင်ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားခြင်း၊ ရိက္ခာထောက်ပံ့ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ဘားအံမြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအသိပညာပေး ဟောပြော

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်သဘောပေါက်ပြီး အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်၁၀နာရီက ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း ရွှေရတုခန်းမ၌ ကျင်းပသည်။

ပုလောမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နေ့လည် ၁ နာရီက ပုလောမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်မြို့၌ ခရိုင်အဆင့် နည်းပြသင်တန်းသားများအဖွဲ့က ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအား မြေပြင်လက်တွေ့လေ့ကျင့် ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၌ ယခုလ (၃)ရက်နေ့မှ (၁၄)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း ခရိုင်အဆင့် နည်းပြသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပြည်မြို့၊ ခေတ္တရာမြို့သစ်ရပ်ကွက်ရှိ နေအိမ်များ၌ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို မြေပြင်လက်တွေ့လေ့ကျင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပြင်ဦးလွင်မြို့တွင် ကမ္ဘာ့လူနာဘေးကင်းလုံခြုံမှုဆိုင်ရာအထိမ်းအမှတ်နေ့ (၂၀၂၄) အခမ်းအနား ကျင်းပ

မန္တ​လေးတိုင်း​ဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ကမ္ဘာ့လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ အထိမ်းအမှတ်နေ့ (၂၀၂၄) အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်း ၁၁ နာရီက ပြင်ဦးလွင်မြို့၊ ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရေကျော်မှုများ ဖြစ်ပွားခဲ့သော လမ်းမများပေါ်တွင် သဲနုန်းများတင်ကျန်နေမှုအား ဖယ်ရှားရှင်းလင်းနေမှုနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာ ယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာတံတားနှင့် ပင်လောင်းလမ်းတစ်လျှောက် မိုးသည်း ထန်စွာရွာသွန်း၍ ရေကြီး ရေလျှံမှုကြောင့် တင်ကျန်နေသည့် နုန်းမြေများ၊ သစ်တုံး/သစ်ကိုင်းများနှင့် အမှိုက်သရိုက်များအား ဌာနဆိုင်ရာမှဝန်ထမ်းများ၊ တပ်မတော်သားများ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ လုပ်သားများ၊ စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်

ချောက်မြို့တွင် လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့ရသောအိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် စက်တင်ဘာ၁၂ရက်နေ့ ညနေအချိန်က လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှတ်(၇)ရပ်ကွက်၊ ရွာဟောင်းရပ်တွင် သစ်ပင်ပြိုလဲ၍ လူနေအိမ်(၁)လုံးပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ၁နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ရေပြန်လည်ကျဆင်းမှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းတွင် နေထိုင်သူများ နေအိမ်များသို့ပြန်လည်ပြောင်းရွှေ့

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေ များ စီးဆင်းပြီး ကဒတ်ချောင်း ရေလျှံမှု ကြောင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့၌နေအိမ်များအတွင်းသို့ ရေများဝင်ရောက်လာသည့်အတွက် ရေဘေးကယ်ဆယ်ရေးစခန်း(၂)ခုဖွင့်လှစ်ခဲ့ရကြောင်းသိရသည်။

ပခုက္ကူခရိုင်အဆင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအောင်မြင်စွာကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်၁၀နာရီက ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ (၂)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဝင်ရောက် သည့် နေရာများနှင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သည့် စူပါတိုင်ဖွန်း ရာဂိမုန်တိုင်းအရှိန်ကြောင့် မိုးများအဆက်မပြတ် ရွာသွန်းခဲ့ပြီး ဘီလူးချောင်းရေမြင့်တက်ခဲ့သဖြင့် ရေဝင်ရောက်လျက်ရှိ သည့် လွိုင်ကော်မြို့ ၊ နမ့်ကွတ်ရပ်ကွက်အတွင်းရှိ နေအိမ်များ ၊ ရေစီးကွေ့ ၊ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)နမ့်ကွတ် ၊ ရွှေတောင်ပရိယတ္တိစာသင်တိုက်နှင့် ကန္ဒရဝတီတံတားတို့၌ ချောင်းရေမြင့် တက်မှုအခြေအနေများအား ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to