မရမ်းကုန်း စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွှင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်မှ အဖွင့်အမှာစကား ပြောကြားကာ ရန်ကုန်အနောက်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းသိင်္ဂီမင်းက ကော်မတီရည်ရွယ်ချက်နှင့် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဥ်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက ဌာနအလိုက်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုအခြေနေများကို အသီးသီးဆွေးနွေးကြရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)