တံတားဦးခရိုင်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းအတွက် ခရိုင်အဆင့်သင်တန်းဖွင့်လှစ်

တံတားဦး စက်တင်ဘာ  ၁၇

တံတားဦးခရိုင်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအတွက် ခရိုင်အဆင့်သင်တန်းဖွဲကို ယနေ့နံနက် (၉)နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် တံတားဦးခရိုင် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တံတားဦးခရိုင် စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းက အမှာစကားပြောကြားပြီး ခရိုင် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးသန်းနိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တံတားဦးခရိုင် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းအထောက်အကူပြုပစ္စည်းများကိုလည်းကောင်း၊ မြို့နယ်အဆင့်သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်တာဝန်ရှိသူများက သင်တန်းအထောက်အကူပြုပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ်ကြသည်။

အဆိုပါသင်တန်းသို့ တံတားဦးမြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ(၇၂)ဦး၊ ငါန်းဇွန်မြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ (၁၂)ဦးတို့တက်ရောက်ကြပြီး သင်တန်းကာလမှာ ယနေ့မှစ၍ (၁၀) ရက်နေ့အထိ နည်းပြသင်တန်း တက်ရောက်ခဲ့ကြသော သတန်းနည်းပြများက သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောသဘာဝများ၊ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများနှင့် လက်တွေ့လေ့ကျင့်ခန်းများကို  ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့် ဆွေးနွေးပို့ချသင်ကြားပေးခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)