မန္တလေး စက်တင်ဘာ ၁၇
သန်းခေါင်စာရင်းမေးခွန်းပါ အကြောင်းအရာများကို ပြည့်စုံမှန်ကန်စွာ ကောက်ယူနိုင်မှသာ အရည်အသွေးကောင်းမွန်ပြီး အောင်မြင်မည်ဖြစ်ရာ အရည်အချင်းပြည့်ဝသာ စာရင်းစစ်၊ စာရင်းကောက်များရရှိစေရေးအတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး၊ စာရင်းစစ်/စာရင်းကောက်သင်တန်း(မြို့နယ်အဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း၊ မြတမာကျောင်းဆောင်တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဝင်မျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်း၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဦးသိန်းလွင်နှင့်ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေက အမှာစကားပြောကြားပြီး သင်တန်းသားများအား သင်တန်းအထောက်အကူပြုပစ္စည်းများ ပေးအပ်သည်။
အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၁၇၅)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ(၁၀)ရက်ဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)