ကျိုင်းတုံမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်

ကျိုင်းတုံ စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၁၆ ရက်က ကျိုင်းတုံပညာရေးဒီဂရီကောလိပ်တွင် ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူး၊ ဦးအောင်သွင်ဦးက သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချပေးလိုက်သည့် လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ‌နိုင်ရေး  အကြောင်းအရာများကို သေချာစွာလေ့လာမှတ်သားပြီး မြေပြင်လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသည့်အခါ  ပြည့်စုံမှန်ကန်စွာ ကောက်ယူဖို့လိုအပ်ကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းသို့ ကျိုင်းတုံမြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ ၁၈၄ ဦး၊ မိုင်းလားမြို့နယ်မှ ၁၀ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ စက်တင်ဘာလ(၁၆)ရက်မှ(၂၇)ရက်ထိ သင်ကြားဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)