ရန်ကုန် ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ကိုင်းတန်းလမ်းထောင့်ရှိ ဗုဒ္ဓဝါဠုကစေတီတော်တွင်ကျင်းပသော ဥပ္ပါတသန္တိကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၅ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဆရာတော်အရှင်သူမြတ်တို့ထံမှ ၅ ပါးသီလတရားနာယူခဲ့ကြပြီး အုတ်လှေကားကျောင်းတိုက်ဆရာတော် ဦးဝိလာသသီရိဇောတိမှ ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ခြင်း ဖွင့်ပွဲအခမ်း အနားစတင်ခဲ့သည်။
အခမ်းအနားသို့ ခရိုင်သာသနာရေးမှူး ဦးအောင်မိုး၊ လမ်းမတော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသက်နောင်ဖြူ၊ အဖွဲ့ဝင်(၂)ဦးလှသိန်း၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်သန်း၊ ဗုဒ္ဓဝါဠုကစေတေီတော်မှဂေါပကအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဝတ်အသင်းအဖွဲ့များ တတ်ရောက်ခဲ့ကြသည်။
ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ပွဲကို (၁၉.၁.၂၀၂၄)ရက်နေ့မှ (၂၁.၁.၂၀၂၄)ရက်နေ့ထိ နေ့စဉ်နံနက် (၀၆း၀၀)အချိန်မှ (၁၅း၀၀)အချိန်ထိ (၃)ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်ဆန်းမြင့်