မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

ကွေး ဇန်နဝါရီ ၁၉

၂၀၂၄ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက မကွေးတိုင်းဒေသကြီး အားကစားကွင်း၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ တိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ချောက်ခရိုင်အသင်းနှင့် အောင်လံခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးရာ ချောက်ခရိုင်အသင်းက အောင်လံခရိုင်အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အကောင်းဆုံး ဂိုးသမား၊ နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်းနှင့် အကောင်းဆုံးအားကစားသမားဆုရရှိသူများအား ဆုကလပ်နှင့် ငွေသားဆုကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်ဒေသကြီးဥပဒေချုပ် ဦးတင့်ဝေနှင့် တာဝန်ရှိသူများကလည်းကောင်း၊ တတိယဆုရရှိသည့် မကွေးခရိုင်အသင်းအား တစ်ဦးချင်း ဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုကို လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းကလည်းကောင်း၊ ဒုတိယဆုရရှိသည့် အောင်လံခရိုင်အသင်းကို ဝန်ကြီးချုပ်၏ ဇနီး၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က တစ်ဦးချင်း ဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ ပထမဆုရရှိသည့် ချောက်ခရိုင်အသင်းကို ဝန်ကြီးချုပ် ဦးတင့်လွင်က တစ်ဦးချင်း ဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုကိုလည်းကောင်း အသီးသီး‌ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ခရိုင်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ  အုပ်စု (က)တွင် သရက်ခရိုင်၊ အောင်လံခရိုင်နှင့် ချောက်ခရိုင်အသင်းတို့ကလည်းကောင်း၊ အုပ်စု ()တွင် ပခုက္ကူခရိုင်၊ မကွေးခရိုင်နှင့် မင်းဘူးခရိုင်တို့ကလည်းကောင်း ပတ်လည်ကစား၍ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

အောင်ကို (ပြန်/ဆက်)