ကော့သောင်း ဇန်နဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်းဆောက်လုပ်ပြီးစီးသော (၁၃၀ '× ၃၀ ')RCC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခန့်ကပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် ပညာရေးဌာနမှတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကျောင်းသားဟောင်းများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ဆောက်လုပ်ပြီးစီးသော (၁၃၀'×၃၀') RCC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ချိုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်၍ မိုးပျံပူပေါင်းများလွှင့်တင်ခဲ့ကြပြီး အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ထာဝရသစ္စာသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေ၍ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အခမ်းအနားအပြီးတွင် ကြွရောက်လာကြသောတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ကျောင်းသားဟောင်းများက အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာထွန်းနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်အတူ ကျောင်းဆောင်သစ်ရှေ့၌ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)