ကန့်ဘလူမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ ကောက်ယူလျက်ရှိ

ကန့်ဘလူ အောက်တိုဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်၏ကြီးကြပ်မှုဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များသည် ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအတွင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိရေးအတွက် ရပ်ကွက်အတွင်း အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များ၊ အိမ်အကြောင်းအရာအချက်အလက် (၆၈) ချက်အားမေးမြန်းကာ CAPI နည်းပညာဖြင့် Tablet အသုံးပြုကောက်ယူခြင်းဖြစ်ပြီး ကန့်ဘလူခရိုင် သန်းခေါင်းစာရင်းကော်မတီအတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးနှင့် မြို့နယ်သန်းခေါင်းစာရင်းကော်အတီဥက္ကဋ္ဌ ဦးဆန်းလင်းအောင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

ကန့်ဘလူမြို့နယ်အတွင်း ရပ်ကွက်ပေါင်း (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း (၆) အုပ်စုရှိပြီး စာရင်းကောက်ကွက်ရောင်း (၈၃) ကွက် စာရင်းစစ်၊ စာရင်းကောက် (၄၄) ဦးတို့က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ၏ပူးပေါင်းမှုဖြင့် ကောက်ယူလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)