ညောင်တုန်းမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူနေမှုအား ကြည့်ရှုအားပေး

ညောင်တုန်း အောက်တိုဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုအောက်တိုဘာလ ၁ ရက်နေ့ နံနက် ၇ နာရီမှစတင်၍ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအလိုက် မြေပြင်ကွင်းဆင်း၍ စတင်ကောက်ယူလျက်ရှိရာ ယမန်နေ့အထိ ကောက်ကွက်ပေါင်း (၂၄၃) ကွက် ကောက်ယူပြီးစီးပြီး ကျန်စာရင်းများ ဆက်လက်ကောက်ယူလျက်ရှိသည်။

ထိုသို့ဆက်လက်ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ သန်းခေါင်စာရင်းကောက်ကွက်များအလိုက် စာရင်းစစ်၊ စာရင်းကောက်များက Mobile Tablet များဖြင့် ကွင်းဆင်းကောက်ယူလျက်ရှိပြီး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်‌ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက လိုက်ပါကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ညောင်တုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ စာရင်းကောက်ကွက် (၄၀၈) ကွက်တွင် စာရင်းစစ် (၃၃) ဦး စာရင်းကောက် (၁၂၃) ဦး စုစုပေါင်း (၁၅၆) ဦးတို့က အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ပြီး ယမန်နေ့အထိ စာရင်းကောက်ကွက် (၂၄၃) ကွက်ကို ကောက်ယူပြီးစီးကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)