ပေါင်မြို့နယ် အ.ထ.က‌ခွဲ ညောင်ကုန်ကြီးကျောင်း၌ ခွေးရူးရောဂါအကြောင်း သိကောင်းစရာများ ဟောပြောပွဲပြုလုပ်

ပေါင် အောက်တိုဘာ ၂၅ 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀) နာရီက ညောင်ကုန်းကြီးကျေးရွာ အခြေခံပညာအထက်တန်း‌ကျောင်းခွဲ၌ ခွေးရူးရောဂါအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း ပြုလုပ်ခဲ့ကြသည်။

ဟောပြောပွဲတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ရဲအောင်နှင့် ဝန်ထမ်းတို့က ခွေးရူးရောဂါ၏ လက္ခဏာများ၊ ရောဂါကူးစက်ပျံ့နှံ့ပုံများ၊ ကာကွယ်ရန်နည်းလမ်းများ စသည့် ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သိကောင်းစရာတို့ကို ဆွေးနွေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးအေးက ကျေးဇူးတင်စကား ပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ထုတ်ဝေသည့် ခွေးရူးရောဂါကာကွယ်ရေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ပေးဝေခဲ့ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)