ယင်းမာပင် အောက်တိုဘာ ၂၆
ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းတို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက ယင်းမာပင်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာချစ်စံဝင်း၏ “အတွေးများ(၁)၊ (၂)” ဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းမှ ဦးကျော်ဇင်နိုင်၊ ဦးသန့်ဇင်အောင်၊ ဦးစိုးမိုးထွန်း၊ ဒေါ်ထက်ထက်အောင်တို့က စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများကလည်း ပါဝင်ဆွေးနွေး ကြကြောင်းသိရသည်။
ခရိုင်ပြန်ဆက်